Eden Flavours Co., Ltd.
Our Recipes

ပုဇွန်ဟင်း
⏰ ၃ မိနစ်အတွင်း အသင့်ဖြစ်မယ့် အနှစ်များများနဲ့ပုဇွန်ဟင်း 🦐
မနက်စောစော ရုံးသွားဖို့ ရေချိုးပြင်ဆင်ရဦးမယ်။ အလုပ်အတွက် လိုအပ်တာတွေလည်း ပြင်ရဦးမယ်။
ထမင်းချိုင့်ထည့်ဖို့ကလည်း အချိန်က ၃ မိနစ်လောက်ပဲ ပေးနိုင်တော့တယ်... ဟင်းတစ်ခွက်ဖြစ်အောင် ဘယ်လိုအမြန်ချက်မလဲ? ⏰🏃♀️
Aung Si (အောင်စည်) ရှိရင် ဘာမှပူစရာမလိုပါဘူး! ၃ မိနစ်နဲ့ အမြန်ဆုံးပြီးစေရမယ်နော် 👇
၁။ ရေဆေးသန့်စင်ထားတဲ့ 🦐ပုဇွန် (၂၀ ကျပ်သား) ကို အိုးထဲထည့်ပါ။
၂။ Aung Si ဟင်းအနှစ် တစ်ထုပ်ကို ✂️ဖောက်ထည့်ပြီး သမအောင်မွှေပါ။
၃။ ရေအနည်းငယ်ထည့်ပြီး 💧အဖုံးအုပ် တည်ထားလိုက်ပါ။
၄။ ရေခမ်းပြီး 🥘အနှစ်တွေပဲကျန်ပြီဆိုရင်တော့ အသင့်ပါပဲ။
ဒါဆိုရင်တော့ ကြက်သွန်လှီးစရာ၊ ဆီသတ်စရာမလိုဘဲ အနှစ်များများ၊ အနံ့လေးမွှေးမွှေးနဲ့ စားချင်စရာကောင်းတဲ့ 🍛✨အနှစ်အပြည့်ပုဇွန်ဟင်းလေးတစ်ခွက်ကို ၃ မိနစ်အတွင်း အလွယ်တကူ ရသွားပါပြီ!
ကြာဆံချက် ပူပူလေး
မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ အိမ်မှာပဲ ကြာဆံချက် ပူပူလေး ဝိုင်းဖွဲ့ချက်စားကြမလား? 🥰
ကြာဆံချက်ကို တကယ်တမ်း ကိုယ်တိုင်ချက်မယ်ဆိုရင်... ဟင်းရည်အနှစ် အရသာပေါ်ဖို့ ကြက်သွန်၊ ဂျင်းတွေကို အချိန်ပေးပြီး ဆီသတ်ရတဲ့အလုပ်က တော်တော်လေး လက်ဝင်တယ်နော်။ ဒါပေမဲ့ Aung Si နဲ့ဆိုရင်တော့ အချိန်ခဏအတွင်း လွယ်လွယ်လေး ဖန်တီးလို့ရပါတယ်။
👩🍳 ဘယ်လိုချက်ရမလဲဆိုတော့
♨️အရင်ဆုံး ကြာဆံ၊ မှိုခြောက်၊ ပန်းခြောက်၊ ပဲလိပ်တို့ကို ရေကြိုစိမ်ထားပါ။ ငုံးဥ ပြုတ်ထားပါ။
♨️ပြီးရင်တော့ အိုးထဲကို ရေ (သို့) ကြက်ပြုတ်ရည်ထည့်ပါ။ ရေဆူလာရင် Aung Si ဟင်းအနှစ်ထုပ် ကို ဖောက်ထည့်ပြီး ကြက်သားထည့်ပြုတ်ပါ။�(Aung Si မှာ ကြက်သွန်၊ ဂျင်း၊ ခရမ်းချဉ်သီးတွေကို သေချာနှပ်ချက်ထားပြီးသားမို့ ဟင်းရည်က အလိုလို ဆိမ့်ပြီး မွှေးလာပါလိမ့်မယ်)
♨️ဟင်းရည်နံလေး သင်းလာပြီး အသားနူးရင် ရေစိမ်ထားတဲ့ မှို၊ ပန်းခြောက်၊ ပဲလိပ်နဲ့ ငုံးဥတွေ ထည့်ပါ။
♨️အားလုံးကျက်ပြီဆိုရင် နောက်ဆုံးမှ ကြာဆံထည့်၊ ငံပြာရည်လေးနဲ့ အရသာ အပေါ့အငံမြည်းလိုက်ရင် အနံ့ရော အရသာပါ ပြည့်စုံတဲ့ ကြာဆံချက်ပူပူလေး ရပါပြီ။
🍲အပေါ်ကနေ နံနံပင်၊ ကြက်သွန်ဖြူကြော်၊ ငရုတ်ကောင်းနဲ့ သံပရာရည်လေး ညှစ်ပြီး စားလိုက်ရင် ထိမိနေရောပေါ့။ 😋
အိမ်မှာပဲ သန့်သန့်ရှင်းရှင်းနဲ့ လူအများကြီး အဝ ချက်စားလို့ရအောင် မီးဖိုချောင်ထဲမှာ Aung Si ကို အခုပဲ ဝယ်ထားလိုက်ပါ။

