DAW EI KHIN KHIN
Director
Daw Ei Khin Khin is a Board of Director at Eden Flavours, bringing extensive expertise in management, communications, and public relations. She is a passionate food enthusiast who founded Eden Flavours to celebrate and showcase authentic Burmese cuisine, all while upholding the highest standards of quality.
Since 2015, she has been the Managing Director at Banyan Green Services, leading sustainability initiatives. Previously, she held a seat on the Board of Directors for CCI France-Myanmar and worked as a Communications and PR specialist with the Green Lotus Foundation.
Daw Ei Khin Khin holds a Bachelor of Arts in English from Dagon University and a Master of Public Administration awarded by Yangon University.
ဒေါ်အိခင်ခင်သည် Eden Flavours ၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး စီမံခန့်ခွဲမှု၊ ဆက်သွယ်ရေးနှင့် ပြည်သူ့ဆက်ဆံရေးတို့တွင် ကျွမ်းကျင်သူဖြစ်ပါသည်။ ဆယ်စုနှစ်တစ်ခုကျော် အတွေ့အကြုံဖြင့် သဘာဝပတ်ဝန်းကျင် ဝန်ဆောင်မှုများ၊ ကော်ပိုရိတ်ဆက်သွယ်ရေးနှင့် အကျိုးအမြတ်မယူသောအဖွဲ့အစည်းများအပါအဝင် နယ်ပယ်အသီးသီးတွင် သူမ၏ ခေါင်းဆောင်မှုကို သရုပ်ပြခဲ့သည်။ သူမသည် အရည်အသွေးမြင့် စံချိန်စံညွှန်းများကို လက်ကိုင်ထားပြီး စစ်မှန်သော မြန်မာ့အစားအစာများကို ထုတ်ဖော်ပြသရန် Eden Flavors ကို ပုံဖော်ခဲ့သည့် အစားအသောက်ချစ်မြတ်နိုးသူတစ်ဦး ဖြစ်သည်။
၂၀၁၅ ခုနှစ်မှစတင်၍ Banyan Green Services တွင် မန်နေဂျင်းဒါရိုက်တာအဖြစ် တာဝန်ယူဆောင်ရွက်ပြီး ရေရှည်တည်တံ့ခိုင်မြဲရေးအစပျိုးမှုများနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဗျူဟာများကို ဦးဆောင်လျက်ရှိသည်။ ယင်းမတိုင်မီက CCI France-Myanmar ၏ ဒါရိုက်တာဘုတ်အဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၎င်း၏ သက်တမ်း ၂ နှစ်တာကာလအတွင်း ပြင်သစ်နှင့် မြန်မာကြား စီးပွားရေးဆက်ဆံမှုတိုးမြှင့်ရေးတွင် ပါဝင်ခဲ့သည်။ ထို့အပြင် Green Lotus ဖောင်ဒေးရှင်းမှ ဆက်သွယ်ရေးနှင့် ပြည်သူ့ဆက်ဆံရေးအထူးကျွမ်းကျင်သူအဖြစ် သူမ၏ ၆ နှစ်တာကာလသည် ရပ်ရွာလူထုနှင့် ထိတွေ့ဆက်ဆံရေးနှင့် လူမှုတာဝန်သိလုပ်ငန်းဆိုင်ရာများအပေါ်အလေးထားမှုကို မီးမောင်းထိုးပြခဲ့သည်။
ဒေါ်အိခင်ခင်သည် CLMV ဒေသ (ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်) နိုင်ငံတို့ရှိ နိုင်ငံစုံကုမ္ပဏီများအား စျေးကွက်ဝင်ရောက်မှု၊ စီးပွားရေးတာဝန်ခံမှုနှင့် ရေရှည်တည်တံ့ခိုင်မြဲမှုတို့အတွက် အရေးကြီးသော ထိုးထွင်းအမြင်များ ပေးဆောင်နေသည့် အတိုင်ပင်ခံတစ်ဦးလည်း ဖြစ်သည်။ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများရှိ သူမ၏ကျယ်ပြန့်သောကွန်ရက်သည် မဟာဗျူဟာမြောက်ဆက်သွယ်ရေး၊ အစုရှယ်ယာဝင်များနှင့် ရင်းမြစ်များဆိုင်ရာတွင် ယုံကြည်စိတ်ချရသော အကြံပေးတစ်ဦးအဖြစ် လုပ်ဆောင်စေခဲ့သည်။
ဒေါ်အိခင်ခင်သည် ဒဂုံတက္ကသိုလ်မှ အင်္ဂလိပ်စာအထူးပြုဝိဇ္ဇာဘွဲ့နှင့် ရန်ကုန်တက္ကသိုလ်မှ ပြည်သူ့အုပ်ချုပ်ရေးမဟာဘွဲ့ ရရှိထားသူဖြစ်သည်။
DAW MYAT CHAW SU PAING
Director
Daw Myat Chaw Su Paing is a Board Director at Eden Flavours with nearly two decades of expertise in sales, merchandising, and the food and beverage industries. A passionate foodie, she enjoys discovering good food and sharing delightful culinary experiences with her loved ones, often preferring to learn how to cook delicious dishes herself.
She founded Tycoon Authentic Seafood Thai Cuisine, ensuring top-notch customer service and accessibility to favorite seafood dishes. She aims to promote Burmese cuisine on an international scale, showcasing its unique flavors. Previously, she worked as a Merchant at Chaw Su India Raw Export Import Supplier and founded Paing Myint More India Cosmetic and Consumer Product Store.
Daw Myat Chaw Su Paing holds a Bachelor of Arts in Philosophy from the University of Distance Education, Mandalay.
ဒေါ်မြတ်ချောစုပိုင်သည် အစားအသောက်နှင့်အဖျော်ယမကာလုပ်ငန်းများ၊ အရောင်းပိုင်းဆိုင်ရာစီးပွားရေးနယ်ပယ်တွင် ဆယ်စုနှစ် နှစ်ခုနီးပါး ကျွမ်းကျင်မှုတို့ဖြင့် Eden Flavours ၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်ပါသည်။ အစားအသောက်ကောင်းများနှင့်ပတ်သက်၍ စိတ်အားထက်သန်သူတစ်ဦးဖြစ်ပြီး ခံတွင်းထိမိသောဟင်းလျာများကို ကိုယ်တိုင်ချက်ပြုတ်လေ့လာရန် နှစ်သက်သဘောကျသည်။မကြာခဏဆိုသလို ချစ်ရသူများနှင့် အစားအသောက်အတွေ့အကြုံကောင်းများကို ကြည်နူးဖွယ် မျှဝေခံစားတတ်သူဖြစ်ပါသည်။
ဒေါ်မြတ်ချောစုပိုင်သည် Tycoon Authentic Seafood Thai Cuisine ကို တည်ထောင်သူအနေဖြင့် နေ့စဉ်လုပ်ငန်းဆောင်တာများကို စီမံခန့်ခွဲပြီး ဖောက်သည်များအား ထိပ်တန်းဝန်ဆောင်မှုများ အစဥ်အမြဲပေးရန် ဦးဆောင်ခဲ့သည်။ လူတိုင်းအနေဖြင့် သူတို့၏အကြိုက်ဆုံး ပင်လယ်စာများကို စားသုံးနိုင်ရန် ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့သည်။ ယခုအခါ သူမသည် မြန်မာအစားအစာများကို နိုင်ငံတကာ အဆင့်မီ ထုတ်လုပ်ရန် ရည်ရွယ်ထားပြီး ကမ္ဘာတစ်ဝှမ်းရှိ လူများက Eden Flavours ၏ ထူးကဲသော အရသာများကို အသိအမှတ်ပြုသဘောကျကြောင်း သေချာစေရန် ရည်ရွယ်ထားပါသည်။
ယင်းမတိုင်မီ ဒေါ်မြတ်ချောစုပိုင်သည် Chaw Su India Raw Export Import Supplier တွင် ၂၀၁၉ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ကုန်သည်တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ပြီး စျေးကွက်ခွဲခြမ်းစိတ်ဖြာမှုနှင့် ကုန်သည်ဆက်ဆံရေး စီမံခန့်ခွဲမှုတို့ကို အဓိကထား လုပ်ဆောင်ခဲ့သည်။သူမ၏ အသက်မွေးဝမ်းကြောင်းအစောပိုင်းတွင် Paing Myint More India Cosmetic and Consumer ကို တည်ထောင်ခဲ့ပြီး ကုန်ပစ္စည်းအရောင်းဆိုင်နှင့် ကုန်ပစ္စည်းဖြန့်ဖြူးရေးတို့ကို ကြီးကြပ်ကွပ်ကဲသည်။ ထို့အပြင် Shwe Kabaw Trading Co., Ltd တွင်လည်း အရောင်းလက်ထောက်အဖြစ် ၉ နှစ်ကြာ လုပ်ကိုင်ခဲ့ပြီး ထုတ်ကုန်စျေးကွက်ရှာဖွေရေးနှင့် ဖောက်သည်ဆက်ဆံရေးတွင် အဖိုးတန်သော အတွေ့အကြုံများစွာ ရရှိခဲ့သည်။
ဒေါ်မြတ်ချောစုပိုင်သည် မန္တလေးအဝေးသင်တက္ကသိုလ်မှ ဒဿနိကဗေဒအထူးပြုဘွဲ့ ဝိဇ္ဇာဘွဲ့ရရှိထားသူဖြစ်သည်။
DR. MYA MYA LWIN
Dr. Mya Mya Lwin is a founder of Management & Business Care Software Development (MBCSD) in 2003, and now has offices in Yangon, Mandalay, and Mandalay, and is currently serving as the Managing Director. MBCSD is a Myanmar-owned company that primarily develops and distributes computerized accounting systems that are used by over 300 businesses in the country. In today's fast-paced world, cloud-based software is being deployed to enable businesses to work from anywhere, using any device of their choice. Current business types include food and beverage, gas stations, computer and mobile phone accessories, hotels, jewelry stores, and pharmacies. MBCSD received the prestigious ASOCIO Outstanding ICT Company Award from ASOCIO (Asian-Oceanian Computing Industry Organization) in 2019. She received the WOMEN IN TECH AWARD in 2024.
MBCSD also donates technical support and Accounting & Management Software to social organizations.
She holds a Ph.D in Organization Development and is ready to use the OD education to help businesses and social organizations.
Dr. Mya Mya Lwin has been advising and teaching on the development of human capital and supporting businesses.
ဒေါက်တာ မြမြလွင်လွင်သည် Management & Business Care Software Development (MBCSD) ကုမ္ပဏီကို ၂၀၀၃ခုနှစ်တွင်စတင်တည်ထောင်သူတစ်ဦးဖြစ်ပြီး ယခုအခါ ရန်ကုန် နှင့်မန္တလေး မြို့ တို့တွင် ရုံးခွဲများ ဖွင့်လှစ်ထားပြီး အုပ်ချုပ်မှုဒါရိုက်တာ အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။
MBCSDသည် ပြည်တွင်းပြည်ပလုပ်ငန်း ၃၀၀ကျော် အောင်မြင်စွာ အသုံးပြုနေသော ကွန်ပျူတာ စာရင်းကိုင်စနစ်ကို အဓိကဖြန့်ဖြူး ရောင်းချ ဝန်ဆောင်မှုပေးနေသော မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီတစ်ခုဖြစ်ပါသည်။
ယနေ့ တိုးတက်ပြောင်းလဲနေသော ခေတ်နှင့်အညီ နေရာဒေသမရွေး ၊ မိမိနှစ်သက်ရာ Device များ ကိုအသုံးပြု၍လုပ်ငန်းများ အသုံးပြုနိုင်ရန် အတွက် Cloudနည်းပညာကိုအခြေ ခံထား သော Software များကို ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။ လက်ရှိအသုံးပြုနေသော လုပ်ငန်း အမျိုးအစား များမှာ စားသောက်ကုန် စက်သုံး ဆီဆိုင်များ ၊ကွန်ပျူတာ နှင့်ဖုန်းဆက်စပ်ပစ္စည်းလုပ်ငန်းများ ၊ ဟိုတယ်လုပ်ငန်းများ ၊ရွှေ ဆိုင်များ ၊ ဆေးဝါး နှင့် ဆက်စပ်ပစ္စည်း လုပ်ငန်းများဖြစ်ပါသည်။
MBCSD သည် ASOCIO (Asian-Oceanian Computing Industry Organization) မှ ချီးမြှင့်သည့် ASOCIO Outstanding ICT Company Award ဆုကို ၂၀၁၉ ခုနှစ်တွင်ရရှိခဲ့ပြီး ၊ WOMEN IN TECH AWARD ဆုကို ၂၀၂၄ ခုနှစ်တွင်ရရှိခဲ့ပါသည်။
MBCSD မှ လူမှုရေး အဖွဲ့အစည်းများအတွက် နည်းပညာဆိုင်ရာ အထောက်အပံ့များ နှင့် Accounting & Management Software များကိုလည်း လှူဒါန်းထားပါသည်။
သူမသည် Organization Development ဘွဲ့ဖြင့် Ph.D ရရှိထားပြီး စီးပွားရေးလုပ်ငန်းများ နှင့် လူမှုအဖွဲ့အစည်းများ အတွက်OD ပညာရပ်ကို အသုံးပြုပြီး ကူညီရန် အသင့်ရှိနေပါသည်။
ဒေါက်တာ မြမြလွင်လွင်သည် စာရင်းကိုင်ပညာရပ်များ လူစွမ်းအားအရင်းအမြစ်နှင့် စီးပွားရေး လုပ်ငန်းများအတွက်အထောက်အကူဖြစ်စေသော ပညာရပ်များကို အကြံပေးဖြန့်ဝေသင်ကြားပေးလျက်ရှိပါသည်။
Dr. Tun Linn Thein
MBBS, MPH
Scientific & Clinical Expertise: Serves as a Senior Research Fellow at the National Centre for Infectious Diseases (Singapore), managing a wide range of clinical studies, diagnostic evaluations and data integrity.
Diverse Entrepreneurship: Has successfully led businesses in Myanmar ranging from healthcare management (Botahtaung Specialist Clinic and Mahar Daycare) to innovative agricultural ventures.
Scientific & Clinical Expertise: National Centre for Infectious Diseases (Singapore) တွင် Senior Research Fellow အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး၊ ကျယ်ပြန့်သော clinical studies များ၊ diagnostic evaluations များနှင့် data integrity တို့ကို စီမံခန့်ခွဲလျက်ရှိပါသည်။
Diverse Entrepreneurship: မြန်မာနိုင်ငံတွင် ကျန်းမာရေးစောင့်ရှောက်မှု စီမံခန့်ခွဲခြင်း (Botahtaung Specialist Clinic နှင့် Mahar Daycare) မှစ၍ ဆန်းသစ်သော စိုက်ပျိုးရေးလုပ်ငန်းများအထိ စီးပွားရေးလုပ်ငန်းများကို အောင်မြင်စွာ ဦးဆောင်ညွှန်ကြားခဲ့ပါသည်။
