DAW MAY THWET HLAING
Managing Director
Daw May Thwet Hlaing is the Managing Director of Eden Flavours, leading the company with her strong background in technology and economics. In 2019, she founded Taw Eain, a brand promoting traditional Shan State foods, which aimed to empower local housewives and suppliers. Although suspended in 2021 due to COVID-19, this initiative inspired her to produce high-quality Burmese food in Thailand.
Previously, she led the Social Insight Department at Myanmar Market Research and Development Co., Ltd and worked as a consultant at IMS Consulting Group Co., Ltd.Throughout her career, Daw May Thwet Hlaing has participated in and led key national projects such as the Post-Nargis Joint Assessment (2008) and the Myanmar National Population and Housing Census (2014), along with other impactful social and market research initiatives.
Daw May Thwet Hlaing holds a Bachelor of Computer Science from the University of Computer Studies (Mandalay), a Bachelor of Economics (Hons) in Statistics, and a Master of Economics in Statistics from Meiktila Institute of Economics.
ဒေါ်မေသွဲ့လှိုင်သည် ထိုင်းနိုင်ငံအခြေစိုက် ဆန်းသစ်တီထွင်သော မြန်မာအစားအစာထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်သည့် Eden Flavours ၏ မန်နေဂျင်းဒါရိုက်တာဖြစ်ပါသည်။ သူမသည် စီးပွားရေးနှင့် နည်းပညာနှစ်ခုစလုံးတွင် ကျွမ်းကျင်ပြီး ကုမ္ပဏီ၏ တိုးတက်မှုနှင့် ဗျူဟာမြောက်ဦးတည်ချက်တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ သူမသည် လူမှုရေးနှင့် စျေးကွက်သုတေသနကို အထူးပြုသော အရေအတွက်ဆိုင်ရာသုတေသနနည်းလမ်းများ၊ ကိန်းဂဏန်းပိုင်းခြားစိတ်ဖြာမှုနှင့် ပရောဂျက်စီမံခန့်ခွဲမှုတွင် အလွန်ကျွမ်းကျင်သည်။
ဒေါ်မေသွဲ့လှိုင်သည် ရှမ်းပြည်နယ်မှ နာမည်မထင်ရှားသော်လည်း အရသာရှိသည့်အစားအစာများ ရောင်းချသော ဒေသထွက်ကုန်အမှတ်တံဆိပ်ဖြစ်သည့် ‘တောအိမ်’ ကို ၂၀၁၉ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ အိမ်ရှင်မများနှင့် ဒေသခံပေးသွင်းသူများကို ၎င်းတို့၏ ဝင်ငွေတိုးစေခြင်းဖြင့် စွမ်းအားမြှင့်တင်ရန် ရည်ရွယ်သည်။ ရိုးရာနည်းလမ်းများအတိုင်း ထုတ်လုပ်ရောင်းချရာမှ ခေတ်မီကုန်သွယ်မှုသို့ ကူးပြောင်းရန် စီစဉ်ခဲ့သော်လည်း ကိုဗစ်-၁၉ကြောင့် ၂၀၂၁ခုနှစ်တွင် လုံးဝရပ်ဆိုင်းခဲ့ရသည်။ ဤအတွေ့အကြုံပေါ် အခြေခံ၍ ထိုင်းနိုင်ငံတွင် အရည်အသွေးမြင့် မြန်မာအစားအစာများ ထုတ်လုပ်ရန် Eden Flavours အဖြစ် စီစဥ်ခဲ့သည်။
၂၀၁၈ ခုနှစ်အထိ Myanmar Market Research and Development Co.,Ltd တွင် Social Insight ဌာနကို ဦးဆောင်ကာ စီမံခန့်ခွဲမှုရာထူးအသီးသီးကို ထမ်းဆောင်ခဲ့ပါသည်။ ထို့အပြင် IMS Consulting Group Co.,Ltd. တွင် အတိုင်ပင်ခံအဖြစ် ဒေတာလုပ်ဆောင်ခြင်း ၊ သုတေသနလုပ်ငန်းများ၊ ဘတ်ဂျက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းများကိုလည်း ကြီးကြပ်ခဲ့သည် ။
သူမ၏ အသက်မွေးဝမ်းကြောင်း တစ်လျှောက်တွင် နာဂစ်နောက်ပိုင်း ပူးတွဲအကဲဖြတ်ခြင်း (၂၀၀၈) နှင့် မြန်မာနိုင်ငံအမျိုးသားလူဦးရေနှင့် အိမ်ထောင်စုသန်းခေါင်စာရင်း (၂၀၁၄) ကဲ့သို့သော အမျိုးသားစီမံကိန်းများတွင် ပါဝင်ဆောင်ရွက်ကာ ဦးဆောင်ခဲ့ပါသည်။ အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍနှစ်ခုလုံးအတွက် အဓိကထိုးထွင်းသိမြင်မှုများကို ပေးဆောင်ရန် သူမ၏စာရင်းအင်းနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်မှုများကို အသုံးချခဲ့သည်။
ဒေါ်မေသွဲ့လှိုင်သည် မန္တလေးကွန်ပျူတာတက္ကသိုလ်မှ ကွန်ပျူတာသိပ္ပံဘွဲ့၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှ ချီးမြှင့်သော စာရင်းအင်းစီးပွားရေးဘွဲ့ (Hons) နှင့် စာရင်းအင်းစီးပွားရေးမဟာဘွဲ့တို့ကို ရရှိထားသူဖြစ်သည်။
DAW EI KHIN KHIN
Director
Daw Ei Khin Khin is a Board of Director at Eden Flavours, bringing extensive expertise in management, communications, and public relations. She is a passionate food enthusiast who founded Eden Flavours to celebrate and showcase authentic Burmese cuisine, all while upholding the highest standards of quality.
Since 2015, she has been the Managing Director at Banyan Green Services, leading sustainability initiatives. Previously, she held a seat on the Board of Directors for CCI France-Myanmar and worked as a Communications and PR specialist with the Green Lotus Foundation.
Daw Ei Khin Khin holds a Bachelor of Arts in English from Dagon University and a Master of Public Administration awarded by Yangon University.
ဒေါ်အိခင်ခင်သည် Eden Flavours ၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး စီမံခန့်ခွဲမှု၊ ဆက်သွယ်ရေးနှင့် ပြည်သူ့ဆက်ဆံရေးတို့တွင် ကျွမ်းကျင်သူဖြစ်ပါသည်။ ဆယ်စုနှစ်တစ်ခုကျော် အတွေ့အကြုံဖြင့် သဘာဝပတ်ဝန်းကျင် ဝန်ဆောင်မှုများ၊ ကော်ပိုရိတ်ဆက်သွယ်ရေးနှင့် အကျိုးအမြတ်မယူသောအဖွဲ့အစည်းများအပါအဝင် နယ်ပယ်အသီးသီးတွင် သူမ၏ ခေါင်းဆောင်မှုကို သရုပ်ပြခဲ့သည်။ သူမသည် အရည်အသွေးမြင့် စံချိန်စံညွှန်းများကို လက်ကိုင်ထားပြီး စစ်မှန်သော မြန်မာ့အစားအစာများကို ထုတ်ဖော်ပြသရန် Eden Flavors ကို ပုံဖော်ခဲ့သည့် အစားအသောက်ချစ်မြတ်နိုးသူတစ်ဦး ဖြစ်သည်။
၂၀၁၅ ခုနှစ်မှစတင်၍ Banyan Green Services တွင် မန်နေဂျင်းဒါရိုက်တာအဖြစ် တာဝန်ယူဆောင်ရွက်ပြီး ရေရှည်တည်တံ့ခိုင်မြဲရေးအစပျိုးမှုများနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဗျူဟာများကို ဦးဆောင်လျက်ရှိသည်။ ယင်းမတိုင်မီက CCI France-Myanmar ၏ ဒါရိုက်တာဘုတ်အဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၎င်း၏ သက်တမ်း ၂ နှစ်တာကာလအတွင်း ပြင်သစ်နှင့် မြန်မာကြား စီးပွားရေးဆက်ဆံမှုတိုးမြှင့်ရေးတွင် ပါဝင်ခဲ့သည်။ ထို့အပြင် Green Lotus ဖောင်ဒေးရှင်းမှ ဆက်သွယ်ရေးနှင့် ပြည်သူ့ဆက်ဆံရေးအထူးကျွမ်းကျင်သူအဖြစ် သူမ၏ ၆ နှစ်တာကာလသည် ရပ်ရွာလူထုနှင့် ထိတွေ့ဆက်ဆံရေးနှင့် လူမှုတာဝန်သိလုပ်ငန်းဆိုင်ရာများအပေါ်အလေးထားမှုကို မီးမောင်းထိုးပြခဲ့သည်။
ဒေါ်အိခင်ခင်သည် CLMV ဒေသ (ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်) နိုင်ငံတို့ရှိ နိုင်ငံစုံကုမ္ပဏီများအား စျေးကွက်ဝင်ရောက်မှု၊ စီးပွားရေးတာဝန်ခံမှုနှင့် ရေရှည်တည်တံ့ခိုင်မြဲမှုတို့အတွက် အရေးကြီးသော ထိုးထွင်းအမြင်များ ပေးဆောင်နေသည့် အတိုင်ပင်ခံတစ်ဦးလည်း ဖြစ်သည်။ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများရှိ သူမ၏ကျယ်ပြန့်သောကွန်ရက်သည် မဟာဗျူဟာမြောက်ဆက်သွယ်ရေး၊ အစုရှယ်ယာဝင်များနှင့် ရင်းမြစ်များဆိုင်ရာတွင် ယုံကြည်စိတ်ချရသော အကြံပေးတစ်ဦးအဖြစ် လုပ်ဆောင်စေခဲ့သည်။
ဒေါ်အိခင်ခင်သည် ဒဂုံတက္ကသိုလ်မှ အင်္ဂလိပ်စာအထူးပြုဝိဇ္ဇာဘွဲ့နှင့် ရန်ကုန်တက္ကသိုလ်မှ ပြည်သူ့အုပ်ချုပ်ရေးမဟာဘွဲ့ ရရှိထားသူဖြစ်သည်။
DAW MYAT CHAW SU PAING
Director
Daw Myat Chaw Su Paing is a Board Director at Eden Flavours with nearly two decades of expertise in sales, merchandising, and the food and beverage industries. A passionate foodie, she enjoys discovering good food and sharing delightful culinary experiences with her loved ones, often preferring to learn how to cook delicious dishes herself.
She founded Tycoon Authentic Seafood Thai Cuisine, ensuring top-notch customer service and accessibility to favorite seafood dishes. She aims to promote Burmese cuisine on an international scale, showcasing its unique flavors. Previously, she worked as a Merchant at Chaw Su India Raw Export Import Supplier and founded Paing Myint More India Cosmetic and Consumer Product Store.
Daw Myat Chaw Su Paing holds a Bachelor of Arts in Philosophy from the University of Distance Education, Mandalay.
ဒေါ်မြတ်ချောစုပိုင်သည် အစားအသောက်နှင့်အဖျော်ယမကာလုပ်ငန်းများ၊ အရောင်းပိုင်းဆိုင်ရာစီးပွားရေးနယ်ပယ်တွင် ဆယ်စုနှစ် နှစ်ခုနီးပါး ကျွမ်းကျင်မှုတို့ဖြင့် Eden Flavours ၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်ပါသည်။ အစားအသောက်ကောင်းများနှင့်ပတ်သက်၍ စိတ်အားထက်သန်သူတစ်ဦးဖြစ်ပြီး ခံတွင်းထိမိသောဟင်းလျာများကို ကိုယ်တိုင်ချက်ပြုတ်လေ့လာရန် နှစ်သက်သဘောကျသည်။မကြာခဏဆိုသလို ချစ်ရသူများနှင့် အစားအသောက်အတွေ့အကြုံကောင်းများကို ကြည်နူးဖွယ် မျှဝေခံစားတတ်သူဖြစ်ပါသည်။
ဒေါ်မြတ်ချောစုပိုင်သည် Tycoon Authentic Seafood Thai Cuisine ကို တည်ထောင်သူအနေဖြင့် နေ့စဉ်လုပ်ငန်းဆောင်တာများကို စီမံခန့်ခွဲပြီး ဖောက်သည်များအား ထိပ်တန်းဝန်ဆောင်မှုများ အစဥ်အမြဲပေးရန် ဦးဆောင်ခဲ့သည်။ လူတိုင်းအနေဖြင့် သူတို့၏အကြိုက်ဆုံး ပင်လယ်စာများကို စားသုံးနိုင်ရန် ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့သည်။ ယခုအခါ သူမသည် မြန်မာအစားအစာများကို နိုင်ငံတကာ အဆင့်မီ ထုတ်လုပ်ရန် ရည်ရွယ်ထားပြီး ကမ္ဘာတစ်ဝှမ်းရှိ လူများက Eden Flavours ၏ ထူးကဲသော အရသာများကို အသိအမှတ်ပြုသဘောကျကြောင်း သေချာစေရန် ရည်ရွယ်ထားပါသည်။
ယင်းမတိုင်မီ ဒေါ်မြတ်ချောစုပိုင်သည် Chaw Su India Raw Export Import Supplier တွင် ၂၀၁၉ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ကုန်သည်တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ပြီး စျေးကွက်ခွဲခြမ်းစိတ်ဖြာမှုနှင့် ကုန်သည်ဆက်ဆံရေး စီမံခန့်ခွဲမှုတို့ကို အဓိကထား လုပ်ဆောင်ခဲ့သည်။သူမ၏ အသက်မွေးဝမ်းကြောင်းအစောပိုင်းတွင် Paing Myint More India Cosmetic and Consumer ကို တည်ထောင်ခဲ့ပြီး ကုန်ပစ္စည်းအရောင်းဆိုင်နှင့် ကုန်ပစ္စည်းဖြန့်ဖြူးရေးတို့ကို ကြီးကြပ်ကွပ်ကဲသည်။ ထို့အပြင် Shwe Kabaw Trading Co., Ltd တွင်လည်း အရောင်းလက်ထောက်အဖြစ် ၉ နှစ်ကြာ လုပ်ကိုင်ခဲ့ပြီး ထုတ်ကုန်စျေးကွက်ရှာဖွေရေးနှင့် ဖောက်သည်ဆက်ဆံရေးတွင် အဖိုးတန်သော အတွေ့အကြုံများစွာ ရရှိခဲ့သည်။
ဒေါ်မြတ်ချောစုပိုင်သည် မန္တလေးအဝေးသင်တက္ကသိုလ်မှ ဒဿနိကဗေဒအထူးပြုဘွဲ့ ဝိဇ္ဇာဘွဲ့ရရှိထားသူဖြစ်သည်။
